Posts

Showing posts from August, 2019

ဒုတိယလူ

ဒုတိယ လူဖြစ်ဖူးလား? အရံလူနေရာ နေဖူးလား? ရွေးချယ်မှု မှာ နောက်ဆုံး မဖြစ်မနေ မလွှဲသာ၊မရှောင်သာလို့ ရွေးချယ်ခြင်း ကို ခံရဖူးလား? Second call နဲ့ သူ ဖုန်းပြောအပြီးကို စောင့်ဆိုင်းဖူးလား? Dialling သံကြားပြီး Busy လုပ်တာ ခံရဖူးလား? ပြန်မပို့တဲ့သူကို smsတွေ ပို့နေဖူးလား? Active now ထိုင်ကြည့်ရင်း ဥာဥ့်နက်ဖူးလား? Seen မဖြစ်တဲ့ သူကို အရမ်းချစ်တဲ့အကြောင်း စာတွေပို့နေဖူးလား? ဒါတွေ လုပ်ဖူးနေရင် မင်းဟာ အရမ်းချစ်တတ်သူပဲ။ ကျွန်တော်လည်း အရမ်းချစ်တတ်သူတစ်ယောက်ပဲ။ ထားတဲ့နေရာမှာ ငြိမ်ငြိမ်လေး နေခဲ့ဖူးတယ်။ တစ်ယောက်ထဲ တိတ်တဆိတ် ငိုကြွေးခဲ့ဖူးတယ်။ အထီးကျန် ခြင်း နဲ့ နေသားကျ နေသူတစ်ယောက်မို့ ဟန်ဆောင် အချစ်တွေ ကို အတည်မှတ်ပြီး စောက်ရူးတွေ ထခဲ့ဖူးတယ်။😥 မာယာ အပြုံးတွေ အောက်မှာ ပြိုလဲခဲ့ဖူးတယ်။ ပါးချိုင့် လေး ထဲ မှာ အသက်ရှူ ဖို့ မေ့ခဲ့ဖူးတယ်။ တစ်စုံတစ်ယောက် ရဲ့ သတိမရခြင်း၊မေ့နေခြင်း၊မေ့ထားခံရ ခြင်း၊အဖက်မလုပ်ခြင်း၊ရှိတယ်မထင်ခြင်း စတာစတာ တွေကို အတင်းပက်သက်ခဲ့ဖူးတယ်။ ဆွဲထား လို့တောင် မမြဲတဲ့ လက်တွေကို တယုတယ ဆုပ်ကိုင်ခဲ့ဖူးတယ်။ တခြားသူအတွက် ပြုံးပြနေတာကို ကိုယ့်ကြောင့် ပြုံးနေတယ် ထင်ပြ...