ဒုတိယလူ

ဒုတိယ လူဖြစ်ဖူးလား?
အရံလူနေရာ နေဖူးလား?
ရွေးချယ်မှု မှာ နောက်ဆုံး မဖြစ်မနေ
မလွှဲသာ၊မရှောင်သာလို့ ရွေးချယ်ခြင်း
ကို ခံရဖူးလား?

Second call နဲ့ သူ ဖုန်းပြောအပြီးကို စောင့်ဆိုင်းဖူးလား?
Dialling သံကြားပြီး Busy လုပ်တာ ခံရဖူးလား?
ပြန်မပို့တဲ့သူကို smsတွေ ပို့နေဖူးလား?
Active now ထိုင်ကြည့်ရင်း ဥာဥ့်နက်ဖူးလား?
Seen မဖြစ်တဲ့ သူကို အရမ်းချစ်တဲ့အကြောင်း စာတွေပို့နေဖူးလား?

ဒါတွေ လုပ်ဖူးနေရင် မင်းဟာ အရမ်းချစ်တတ်သူပဲ။

ကျွန်တော်လည်း အရမ်းချစ်တတ်သူတစ်ယောက်ပဲ။

ထားတဲ့နေရာမှာ ငြိမ်ငြိမ်လေး နေခဲ့ဖူးတယ်။
တစ်ယောက်ထဲ တိတ်တဆိတ် ငိုကြွေးခဲ့ဖူးတယ်။

အထီးကျန် ခြင်း နဲ့ နေသားကျ နေသူတစ်ယောက်မို့
ဟန်ဆောင် အချစ်တွေ ကို အတည်မှတ်ပြီး စောက်ရူးတွေ ထခဲ့ဖူးတယ်။😥

မာယာ အပြုံးတွေ အောက်မှာ ပြိုလဲခဲ့ဖူးတယ်။
ပါးချိုင့် လေး ထဲ မှာ အသက်ရှူ ဖို့ မေ့ခဲ့ဖူးတယ်။

တစ်စုံတစ်ယောက် ရဲ့ သတိမရခြင်း၊မေ့နေခြင်း၊မေ့ထားခံရ ခြင်း၊အဖက်မလုပ်ခြင်း၊ရှိတယ်မထင်ခြင်း စတာစတာ တွေကို
အတင်းပက်သက်ခဲ့ဖူးတယ်။

ဆွဲထား လို့တောင် မမြဲတဲ့ လက်တွေကို
တယုတယ ဆုပ်ကိုင်ခဲ့ဖူးတယ်။

တခြားသူအတွက် ပြုံးပြနေတာကို
ကိုယ့်ကြောင့် ပြုံးနေတယ် ထင်ပြီး
ပျော်ခဲ့ဖူးတယ်။

ကျွန်တော့်အတွက်တော့
ဒါတွေ အားလုံးဟာ
အရံ နေမှာ ဖြစ်ခဲ့တဲ့ ခံစားမှု တွေပဲ။

ကိုယ့်နေရာ ကိုယ် မြင်အောင် ပြန်မကြည့်နိုင်ခဲ့ဘူး။
ကျွန်တော် ဘောင်မဝင် ခဲ့ဖူးဘူး။😥

တကြိမ်တခါလေးတောင် first မဖြစ်ဖူးဘူး။

ကလေးဘဝ က ကစားပွဲတိုင်းမှာ
သူက အပျော် လို့ အပြောခံရ ဖူးတာ ကျွန်တော်

အပျော် ဆိုတာ ဘောလုံး ပေါက်တမ်း စကားရင်
မှန်လည်း သေပြီလို့ အသတ်အမှတ် မခံရတဲ့သူ။
မောဟိုက်နေအောင် ပြေးနေသော်လည်း
ကိုယ့်ကို အရေးလုပ် ပစ်မယ့်သူ မရှိ။
ကျွန်တော် က အရံ။

တူတူပုန်းတမ်း ကစားရင်
ကိုယ့်ကို တွေ့သွား၊မြင်သွားလည်း
တွေ့ပြီ၊မြင်ပြီ၊သေပြီ လို့ အပြော မခံရတာ 'အပျော်' ပေါ့။
ကစားပွဲသာ ပြီးသွားတယ်၊မိုးသာချူ ပ်သွားတယ်
ကျွန်တော့် ကို ရှာတဲ့သူ မရှိခဲ့ဘူး။

ကျွန်တော်က အပျော်
ကျွန်တော်က အရံ
ကျွန်တော်က ဘောင်မဝင်၊တန်းမဝင်။

ထုပ်စည်းထိုးတမ်း ကစားရင်
အဖမ်းမခံ ရတာ ကျွန်တော်၊ထမင်းရည်ပူစည်း နင်းလည်း မသေတာ ကျွန်တော်။

တန်းစီပြီး တစ်ယောက်ချင်း ကြိုက်တဲ့သူ နာမည်တပ်ခေါ်ပြီး
ကန်တဲ့ ဘောလုံးပွဲ မှာ နောက်ဆုံး အခေါ်ခံရတာ ကျွန်တော်။

ကြာလာတော့ ကစားပွဲ တွေ အဝေးမှာ တစ်ယောက်ထည်း
ငိုင်နေတတ်လာတယ်။

မဖြစ်မနေ၊မလွှဲသာ၊မရှောင်သာလို့
ရွေးချယ်ခြင်း မျိုး ခံရတာ ကို
ကျွန်တော် ရှက်တတ်လာတယ်။

လူစုစု စုစု နေတဲ့ နေရာမှာ ကျွန်တော် မနေတတ်တော့ဘူး။

ဘယ်သူ့အတွက် ဘယ်တုန်းကမှ အရေးပါတဲ့သူ
မဟုတ်ခဲ့ ဖူးဘူး။ပထမလူ မဖြစ်ဖူးဘူး။

ရွေးချယ်ခံရမှုအတွက် မပျော်ခဲ့ဖူးဘူး။😥

---------------;

ဒုတိယ လူဖြစ်ဖူးလား?
အရံလူနေရာ နေဖူးလား?
ရွေးချယ်မှု မှာ နောက်ဆုံး မဖြစ်မနေ
မလွှဲသာ၊မရှောင်သာလို့ ရွေးချယ်ခြင်း
ကို ခံရဖူးလား?

Second call နဲ့ သူ ဖုန်းပြောအပြီးကို စောင့်ဆိုင်းဖူးလား?
Dialling သံကြားပြီး Busy လုပ်တာ ခံရဖူးလား?
ပြန်မပို့တဲ့သူကို smsတွေ ပို့နေဖူးလား?
Active now ထိုင်ကြည့်ရင်း ဥာဥ့်နက်ဖူးလား?
Seen မဖြစ်တဲ့ သူကို အရမ်းချစ်တဲ့အကြောင်း စာတွေပို့နေဖူးလား?

ဒါတွေ လုပ်ဖူးရင်
မင်းဟာ တစ်ယောက်ထဲ သိမ်ငယ် နေဖူးတဲ့ သူပဲ။

ပထမ လူ မဟုတ်ခဲ့ဖူးတဲ့ ဒုတိယလူ၊ တတိယလူ
၊ကိုယ့်ကိုကိုယ် ဘယ်နေရာ ရောက်နေမှန်း မသိတဲ့သူ၊ထားရာနေတဲ့သူပဲ။

ပြီးတော့ ကျွန်တော့်လိုလူပဲ။

😥

Than Htike Aung(Sync)thanhtikeaung.blog//2028

Comments